top of page

Courses

GELC မှ ကျောင်းသားကျောင်းသူများ အတွက် GED SAT  နှင့် English Proficiency Test များ ဖြေဆိုရာတွင် အချိန်တို အတွင်း ပြင်ဆင်ရန် အဆင်ပြေစေဖို့အတွက် Preparation အတန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဘာသာစကား ပြင်ဆင်နိုင်ဖို့ နှင့် တက္ကသိုလ်မတက်ရောက်မီ သင်္ချာကို အဆင့်မြင့် သင်ကြားလိုသူများအတွက်လည်း Language အတန်းများ၊ Basic Math အတန်း နဲ့ Pre-Uni Math အတန်းများကိုပါ ထပ်တိုး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

Learn about our courses

GELC မှ ဖော်ပြပါ အတန်းများကို ဆရာ​အောင်ရဲထက်ပိုင် နှင့် သင်ကြားရေး အတွေ့အကြုံရှိ ဆရာ၊ဆရာမများဖြင့် ထိရောက်စွာ သင်ကြားပေးလျက်ရှိပါတယ်။ အတန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကိုလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

GED
GED

GED နှင့် ပတ်သက်သည့် အတန်း Intake များကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။ 

SAT
SAT

SAT နှင့် ပတ်သက်သည့် အတန်း Intake များကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

Extra
Language Proficiency Courses

ဘာသာစကား နှင့် ပတ်သက်သည့် အတန်း Intake များကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။ 

Math
Ready for Abroad

​နိုင်ငံခြားပညာတော်သင်သွားရာ၌ အဆင်ပြေချောမွေ့စေရန် အတွက် အောက်ပါ အတန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ 

GED ဆိုတာက...? 

GED လို့ လူသိများကြတဲ့ General Educational Development ဟာ ဆိုရင်ဖြင့် U.S. အသိအမှတ်ပြု အထက် တန်း အောင်လက်မှတ် Diploma တစ်ခုပဲ ဖြစ်ပါတယ်။ အထက်တန်း မပြီးဆုံးသေးတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ယခုနှစ်နောက်ပိုင်းမှာဆိုရင် GED ဖြေဆိုဖို့ ပိုမိုရွေးချယ်လာကြတာကိုလည်း တွေ့ရမှာပါ။ ပြင်ဆင်ချိန် နည်းပါးခြင်း၊ သင်တန်းစရိတ် နှင့် စာမေးပွဲကြေး သက်သာတဲ့အပြင် GELC မှာ GED စာမေးပွဲကိုအချိန်တိုအတွင်း တက်ရောက်အောင်မြင်နိုင်အောင် စီစဉ်ပေးထားပါတယ်။

RLA, Social Studies, Science, Math အစရှိတဲ့ ဘာသာရပ် လေးခုနှင့်အတူ သိပ္ပံဘာသာရပ်၊ လူမှုရေးဘာသာရပ်တွေပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ဖြေဆိုကြရပါတယ်။ တစ်ဘာသာကို $80 ကျသင့်မှာ ဖြစ်ပြီး မြန်မာငွေနဲ့ဆိုရင်တော့ အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါတယ်။ တစ်ဘာသာကို အမှတ်ပြည့် 200 ဖြစ်ပြီး 145 နှင့် 145 အထက်ရမှသာလျှင် စာမေးပွဲ အောင်မြင်မှာပါ။


145~164 = Passing Score
165~175 = College Ready
175~200 = College Ready + Credit Score အစရှိတဲ့ အမှတ်ပေး စည်းမျဉ်းပုံစံလည်း ရှိပါတယ်

GED
SAT
SAT



Scholastic Assessment Test လို့ခေါ်တဲ့ SAT ဟာ ဆိုရင်ဖြင့် College Board က ကျင်းပတဲ့ Standardized Test တစ်ခုပဲ ဖြစ်ပါတယ်။ Math + English  ဘာသာပဲဖြေဆိုရတာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေရဲ့ critical thinking ကို စစ်ဆေးတဲ့ စာမေးပွဲတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ ရှိတဲ့ University တွေ အများစုရဲ့ admission requirement တစ်ခုအဖြစ်အသုံးပြုလာကြသလို scholarship လျှောက်တဲ့အခါမှာလည်း မပါမဖြစ်တဲ့ test တစ်ခုလဲဖြစ်ပါတယ်ရှင်။

တစ်ရက်ထဲမှာ English နဲ့ Math နှစ်ဘာသာကို 2နာရီကျော်အတွင်းဖြေဆိုရမှာဖြစ်ပြီး တစ်ဘာသာနဲ့တစ်ဘာသာအလယ်မှာ နားချိန်ခဏရရှိမှာဖြစ်ပါတယ်။ 2 ဘာသာလုံး တစ်ရက်ထဲမှာ ဖြေဆိုရမှာဖြစ်လို့ Time Management နဲ့ Pressure handling တွေကို သေချာလုပ်နိုင်မှ အမှတ်ကောင်းနိုင်တဲ့ စာမေးပွဲတစ်ခုဖြစ်ပါတယ် ။ SAT ကို တစ်နှစ်မှာ ခုနစ်ကြိမ် ဖြေဆိုလို့ရနိုင်ပြီး ဖြေဆိုလို့ရမယ့်လတွေကတော့ March, May, June, August, October, November နှင့် December တို့မှာဖြေဆိုနိုင်မှာပဲ ဖြစ်ပါတယ် 

Exam Center တွေအနေနဲ့ ရန်ကုန်မြို့ နဲ့ မန္တလေးမြို့များမှ မိမိတို့နီးစပ်ရာမြို့တွင် သွားရောက်ဖြေဆိုနိုင်ပါတယ်။Registration Fees $68 နှင့် Regional Fees $43 စုစုပေါင်း $111 ကျသင့်မှာဖြစ်ပြီး Exam Fees သွင်းပေးတဲ့ service ကိုလည်း တစ်ခါထဲထားရှိပေးထားတာမို့လို့ GELC ရဲ့ကျောင်းသားကျောင်းသူဖြစ်တာနဲ့ one-stop service အနေဖြင့် ကူညီဆောင်ရွက်ပေးပါတယ်ရှင် 

 

SAT ဆိုတာသည်.....

𝐈𝐄𝐋𝐓𝐒 သည်.......

IELTS လို့ အသိများတဲ့International English Language Testing Systemဟာ ဆိုရင်ဖြင့် ကမ္ဘာတစ်ဝန်းမှ အဖွဲ့အစည်းအများစုရဲ့အသိအမှတ်ပြု အင်္ဂလိပ်စာ ကျွမ်းကျင် စစ်ဆေးမှုစာမေးပွဲပဲ ဖြစ်ပါတယ် ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှအသိအမှတ်ပြုထားတာဖြစ်သလိုနှစ်စဉ် ပျှမ်းမျှ လူဦးရေ 5 သန်းအထိဖြေဆို နေကြတာ ဆိုရင်လည်း မမှားပါဘူး။British Council နှင့် အတူ Cambridge English Language Assessment IDP Australia တို့က ပူးတွဲ စီမံခန့်ခွဲတဲ့အင်္ဂလိပ် ဘာသာ အရည်အချင်းစစ် စာမေးပွဲ တစ်ခုပါ IELTS ရဲ့ အဓိက အားသာချက်ဟာ ဆိုရင်တော့ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားခြင်း ဖြစ်တဲ့အတွက်Band Score ကောင်းကောင်း ရရှိထားတယ် ဆိုရင်တော့ကျောင်းလျှောက်တဲ့အခါ Scholarship ရဖို့Chance တွေ ပိုများမှာပါရှင်

Duolingo!!

Duolingo (D.E.T) ဟာဆိုရင်English Proficiency Test တစ်ခုဖြစ်ပြီးကျောင်းသားကျောင်းသူတွေရဲ့ English Language ကိုအရည်အချင်းစစ်ဆေးသော Academic Test တစ်ခုဖြစ်ပါတယ်။Reading ၊ Listening ၊ Speaking ၊ Writhing 4 ပိုင်းလုံးကို အချိန်တစ်နာရီနီးပါးအတွင်းဖြေဆိုရတာဖြစ်ပြီးတော့အခြား English Proficiency Test များထက်Exam Fees သက်သာစွာနဲ့ ဖြေဆိုနိုင်မယ့် Test တစ်ခုဖြစ်ပါတယ်ရှင်အမှတ်အပြည့်က 160 ဖြစ်ပြီး ကျောင်းအချို့ကတော့90 ကျော်ရတာနဲ့စတင်လက်ခံကြပါတယ်။ရွေးချယ်တဲ့ကျောင်းပေါ်မူတည်ပြီးတောင်းတဲ့အမှတ်မတူတာဖြစ်တဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူတွေဘက်ကအမှတ်များအောင်ဖြေထားရင်တော့ ပိုအဆင်ပြေပါတယ်။ မိမိအိမ်မှာရော Test Center မှာရောသွားရောက်ဖြေဆိုနိုင်တာဖြစ်ပြီးနည်းနည်း strict ဖြစ်တဲ့ စာမေးပွဲပုံစံမျိုးဖြစ်တာကြောင့်ကျောင်းသားကျောင်းသူအများစုကတော့Test Center မှာဖြေဆိုကြတာများပြီးExam Fees အနေဖြင့် $60~$65 ပေးသွင်းရမှာပဲဖြစ်ပါတယ်ရှင်။Testရဲ့သက်တမ်းက ၂နှစ်ထိအကျုံးဝင်ပြီးဖြေဖို့အတွက် passport ရှိထားဖို့တော့လိုအပ်ပါတယ်

© Genesis Education & Language Center 2025. All Rights Reserved

  • Facebook
bottom of page